6/8/09

ရည်မှန်းချက်

ငယ်ငယ်က ရည်မှန်းချက်ဆိုတာ ထားရှိခဲ့ကြသည်။ အရွယ်ရောက်လာတော့အောင်မြင်သွားသူများရှိကြသည်။ ကျရှုံးသူများရှိကြသည်။ ဘ၀၏အဆုံးအဖြတ်ကို ခံယူသွားသူများလဲရှိကြသည်။ အဲဒီနောက် ကျွန်တော်တို့တစ်တွေဟာ နောက်ထပ် ရည်မှန်းချက်အသစ်များ ထားရှိကြပြန်သည်။ ထို့ကြောင့် အောင်မြင်ခြင်း၊ ကျရှုံးခြင်းထက် အရေးကြီးသော အချက်ရှိပေသည်။ ၄င်းမှာ အရာရာတိုင်းကို အကောင်ဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်ပင် ဖြစ်ပါတော့သည်။

6/6/09

မှတ်ပါ

'မကောင်းမှုကို မိမိပြုလျှင်မိမိသာပင်ဒုက္ခခံရ၏။
မကောင်းမှုကို မိမိရှောင်လျှင် မိမိသည်စင်ကြယ်၏။
မိမိကိုယ်တိုင်မှတစ်ပါး တခြားမည်သူမျှ ကျွန်ုပ်တို့ကိုမကယ်ပေ။
ကယ်လည်း မကယ်နိုင်ပေ။
မိမိကိုယ်တိုင်လမ်းကိုလျှောက်သွားရမည်။
ဗုဒ္ဓကမူ လမ်းကို ညွှန်ပြရုံသာ ညွှန်ပြ၏။'